Monday, May 30, 2016

About Akha peole from Wikipedia

 အာခါလူမျိုးများသည် တောင်တန်းနေတိုင်းရင်းသား လူမျိုးစုများဖြစ်ကြပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မြင့်မားသော တောင်တန်းများပေါ်တွင် ကျေးရွှာငယ်လေးများ တည်ဆောက်ကာ နေထိုင်ကြသည်။ ၁၉၀၀ပြည့်နှစ် အစောပိုင်းကာလများမှစတင်ပြီး မူရင်းဒေသဖြစ်သော တရုတ်နိုင်ငံမှ အရှေ့တောင်အာရှဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။ မြန်မာနိုင်ငံနှင့် လာအိုနိင်ငံတို့တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းသို့ လူပေါင်း ၈သောင်းခန့် အလုံးအရင်းဖြစ်ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။

Sunday, May 29, 2016

                                     အာခါရိုးရာ ဒါန်းစီးပွဲတော် 

အာခါ ဒန်းစီးပွဲတော် မှာ အာခါလူမျိုးများအတွက် ထင်ရှားသောပွဲတော် (သို့) အခမ်းအနား တစ်ခုဖြစ်ပါသည်။ ပွဲတော် ကျင်းပသော ရက်များမှာ တစ်ရွာနှင့် တစ်ရွာ မတူညီကြသော်လည်း ဆန်၊ စပါး နှင့် ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးသော ကာလ ကို မူတည်၍ သြဂုတ်လ နှင့် စက်တင်ဘာလ အတွင်းကျင်းပလေ့ ရှိကြသည်။
ပွဲတော်ရက် အတိအကျကို ရွာရှိ ဘာသာရေးအကြီးအကဲ( နတ်ဆရာ) က ဆုံးဖြတ်လေ့ရှိသော်လည်း သတ်မှတ်ထားသော ရက်တွင် ပွဲတော် ကျင်းပရန် အခကအ်ခဲ ရှိပါက အဆင်ပြေသော ရက်ကို ပြောင်းလဲ ကျင်းပလေ့ ရှိပါသည်။ အများအားဖြင့် အာခါရိုးရာဒန်းစီးပွဲ အခမ်းအနားကို ဘိုးဘွား၊ ဘီဘင် များ၏ ကူညီစောင်မမှု အတွက် ဘိုးဘေးများ၏ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ဘိုးဘွား၊ ဘီဘင် များအား အရိုအသေပေး၍ ကန်တော့ခြင်း အတွက်ပြုလုပ်လေ့ရှိသည်။ ပွဲတော်ရက်များအတွင်းတွင် ပျော်ပွဲ၊ရွှင်ပွဲများ၊ စားပွဲ၊သောက်ပွဲများ (စတုဒီသာ) ၊ သီဆို၊ကခုန်ခြင်းများ နှင့် ဘိုး၊ဘေးများအား သီးနှံများ ပေါများစေရန် နှင့် အန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းခြင်းများပြုလုပ်လေ့ရှိပါသည်။

Friday, May 27, 2016

AMF ရဲ့ second outing!

AKHA MEH NM FOUNDATION အား ကောင်းမွန်စွာ လည်ပတ်နိုင်ရန် Working Group ၊ Planning Group နှင့် Sub Committees များ စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိပါသည်။ ထို့ကြောင့် Working Group အား အဖွဲ့ဝင် (၁၀) ဦးဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ (Working Group ရွေးချယ်ရာ၌ လည်း gender balance ဖြစ်ရန် နှင့် background ပေါင်းစုံမှ ပါဝင်နိုင်ရန် ရွေးချယ်ထားခြင်းဖြစ်ပါသည်။
AMF Working Group members များမှာ
(၁) ကိုအားဘယ်
(၂) ကိုဇာရှော
(၃) ကိုလီဘယ် 
(၄) ကိုအောင်နိုင်
(၅) ကိုအားရှော
(၆) မနွယ်နီ
(၇) မစတီးနာ 
(8) မအေးဝင်းသိန်း
(၉) မအားမိုး
(၁၀) မဆန်းမီ
တို့ ဖြစ်ကြပါသည်။
ဆက်လက်ပြီး Planning Committee နှင့် Sub-Committees များဖွဲ့စည်းပြီးပါက ဆက်လက်တင်ပြပေးသွားပါမည်။

Credit to- Sunme Ghoemeh
မင်္ဂလာပါ အမျိုးတို့ရေ ဒီနေ့လည်း ရန်ကုန်ရောက်နေတဲ့သူတွေနဲ့ တွေ့ဆုံပွဲလေးလုပ်ပြီး AMF ရဲ့ လုပ်ဆောင်မယ့်လုပ်ငန်းအကြောင်းတွေကိုဆွေးနွေးတိုင်ပင်ကြသလို နယ်မှတဆင့်ပေးပို့လာသည့်အကြံဥာဏ်များကိုလည်းအလေးထားကာ ဝိုင်းဝန်းဆွေးနွေးတိုင်ပင်ကြပါတယ်။ အချင်းချင်းခင်မင်ရင်းနှီးမှုပိုရှိလာအောင် Game များကစားပြီး ဆွေးနွေးတဲ့နေရာမှာလည်းပိုပြီးတော့ အသက်ဝင်စေခဲ့ပါတယ် ။ အခြေအနေအမျိုးမျိုးကြောင့် ဒီတခေါက်တွေ့ဆုံပွဲမှာ မရောက်လာနိုင်ပေမယ့် နောက်တခေါက်တွ့ဆုံပွဲမှာဆုံချင်ပါတယ်လို့ပါးပါရစေနော် ...။
ကောင်းသောနေ့လေးပါအမျိုးတို့ရေ
ဒီနေ့မြောက်ဒဂုံ "အိပ်မက်လှရထားလေးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ" (မိဘမဲ့)ကျောင်းက အာခါလူမျိုးအယောက် 80ကျော်တွေနဲ့တွေ့ဆုံပြီး
အာခါသီချင်းတွေတူတူဆို
Gameလေးတူတူတွေကစား
အုပ်စုလေးတွေခွဲပြီးသူတို့ရဲ့ခံစားချက်တွေဂရုတစိုက်နားထောင်ပြီး အားပေးစကားတွေပြောဖြစ်ခဲ့တယ်။ သူတို့ရဲ့အကြောင်းတွေကိုအသေးစိတ်ကြားသိရတဲ့အချိန်မှာအင်မတန်မှရင်ထဲကိုခံစားရပါတယ်။ကိုယ့်အာခါလူမျိုးတွေဟာအခြေအနေအမျိုးမျိုးကြောင့်ရန်ကုန်မြို့မိဘမဲ့ကလေးကျောင်းကို
ရောက်ရှိနေပေမယ့်အားငယ်မှုမဖြစ်အောင်ကျန်ာတို့ရန်ကုန်မှာရောက်နေတဲ့အာခါလူမျိုးတွေစုပြီး
မကြာခဏ အတတ်နိုင်ဆုံးသွားနိုင်အောင် ကြိုးစားမှာပါ။အဲ့ဒီအတွက်အားလုံးပါဝင်စေချင်ပါတယ်။ မထင်ထားပါဘူး ကိုယ့်အနီးအနားကရွာ တွေကိုသူတို့ ပြောလာတဲ့ ရွာတွေဟာ -