Sunday, May 29, 2016

                                     အာခါရိုးရာ ဒါန်းစီးပွဲတော် 

အာခါ ဒန်းစီးပွဲတော် မှာ အာခါလူမျိုးများအတွက် ထင်ရှားသောပွဲတော် (သို့) အခမ်းအနား တစ်ခုဖြစ်ပါသည်။ ပွဲတော် ကျင်းပသော ရက်များမှာ တစ်ရွာနှင့် တစ်ရွာ မတူညီကြသော်လည်း ဆန်၊ စပါး နှင့် ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးသော ကာလ ကို မူတည်၍ သြဂုတ်လ နှင့် စက်တင်ဘာလ အတွင်းကျင်းပလေ့ ရှိကြသည်။
ပွဲတော်ရက် အတိအကျကို ရွာရှိ ဘာသာရေးအကြီးအကဲ( နတ်ဆရာ) က ဆုံးဖြတ်လေ့ရှိသော်လည်း သတ်မှတ်ထားသော ရက်တွင် ပွဲတော် ကျင်းပရန် အခကအ်ခဲ ရှိပါက အဆင်ပြေသော ရက်ကို ပြောင်းလဲ ကျင်းပလေ့ ရှိပါသည်။ အများအားဖြင့် အာခါရိုးရာဒန်းစီးပွဲ အခမ်းအနားကို ဘိုးဘွား၊ ဘီဘင် များ၏ ကူညီစောင်မမှု အတွက် ဘိုးဘေးများ၏ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ဘိုးဘွား၊ ဘီဘင် များအား အရိုအသေပေး၍ ကန်တော့ခြင်း အတွက်ပြုလုပ်လေ့ရှိသည်။ ပွဲတော်ရက်များအတွင်းတွင် ပျော်ပွဲ၊ရွှင်ပွဲများ၊ စားပွဲ၊သောက်ပွဲများ (စတုဒီသာ) ၊ သီဆို၊ကခုန်ခြင်းများ နှင့် ဘိုး၊ဘေးများအား သီးနှံများ ပေါများစေရန် နှင့် အန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းခြင်းများပြုလုပ်လေ့ရှိပါသည်။

အာခါရိုးရာဒန်းစီးပွဲ အခမ်းအနားမှာ အာခါလူမျိုးမိန်းကလေးများအတွက် ဘ၀၏ အရေးပါသော အမှတ်အသားတစ်ခုဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် အရွယ်ငယ်သော မိန်းကလေးငယ်များအား အရွယ်ရောက်သော မိန်းကလေးများအဖြစ် သတ်မှတ်ပေးသော အခမ်းအနားဖြစ်သောကြောင့်
့ဖြစ်ပါသည်။ ရွာရှိ မိန်းကလေးများ၏ မိမိတို့ကိုယ်တိုင် ချုပ်လုပ် ဖန်တီးထားသော အရောင်စုံ၍ လှပသော အကောင်းဆုံး ၀တ်စုံများကို ၀တ်ဆင် ကာ ထွက်လာကြသော အခမ်းအနား၏ နောက်ပိုင်းအစီအစဉ်များမှာ ပို၍ စိတ်ဝင်စားစရာကောင်း၍ အံ့သြစရာကောင်းပါသည်။ အမဲရောင် (သို့) မဲနယ်ရောင်ပေါ် တွင် သိသာထင်ရှားသော အရောင်များဖြင့် ဖန်တီး အလှဆင်ထားသော သော ၀တ်စုံနှင့် ခြေစွပ် အပြင် ငွေဖြင့် ပြုလုပ်ထားပြီး အရောင်စုံ ချည်များ နှင့် ပုတီးစေ့များဖြင့် အလှဆင် ထားသော အာခါ ရိုးရာ ခေါင်းဆောင်းများကို ၀တ်ဆင်ကာ တစ်ဦးချင်းသော်လည်း၊ အတွဲ လိုက်သော်လည်းကောင်း၊ ထိုင်၍ သော်လည်းကောင်း၊ ထလျက်သော် လည်းကောင်း ပျော်ရွင် မြူးထူးစွာဖြင့် အာခါရိုးရာ ဒန်းစီးပွဲတော် (သို့) အခမ်းအနားကို ပါဝင် ဆင်နွှဲကြပါတော့သည်။
အာခါရိုးရာဒန်းစီးပွဲတွင် အရေးကြီးဆုံးမှာ ဒန်းစီးရန် ဒန်းစင် ဆောက်ရခြင်းဖြစ်ပါသည်။

English Version


 The Swing Ceremony is unique to the Akha tribe. It falls in August or September each year depending on when that particular village will harvest its rice. Determined by the village priest, the date can change often making planning difficult. The Swing Ceremony is a sacred thanksgiving ritual & form of ancestral worship. Through the ceremony & its associated merry-making, feasting, singing & dancing, the Akha show respect & gratitude to their ancestors, who, in turn, give well-being, welfare & crop abundance to their descendants.
The ceremony also marks a 'rite of passage' for Akha girls passing into womanhood. Its this later component that makes the ceremony so very spectacular - the girls of the village come dressed in their finest hand-made/hand embroided clothing/costumes. Indigo dyed cotton cloth jackets skirts & 'leg wraps' are embroided in intricate patterns of every possible distinctive colour. The most ornate of headware made from silver (they weigh around 5kgs each) & colourful beads adorn their heads. The girls laugh their heads off as they launch each other on the swing - individually, in pairs, seated, standing.

Credit to - Akha
(https://www.facebook.com/permalink.php?story_fbid=800826250038959&id=591581660963420)
Swing kid


No comments:

Post a Comment