Monday, May 30, 2016

About Akha peole from Wikipedia

 အာခါလူမျိုးများသည် တောင်တန်းနေတိုင်းရင်းသား လူမျိုးစုများဖြစ်ကြပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မြင့်မားသော တောင်တန်းများပေါ်တွင် ကျေးရွှာငယ်လေးများ တည်ဆောက်ကာ နေထိုင်ကြသည်။ ၁၉၀၀ပြည့်နှစ် အစောပိုင်းကာလများမှစတင်ပြီး မူရင်းဒေသဖြစ်သော တရုတ်နိုင်ငံမှ အရှေ့တောင်အာရှဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။ မြန်မာနိုင်ငံနှင့် လာအိုနိင်ငံတို့တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းသို့ လူပေါင်း ၈သောင်းခန့် အလုံးအရင်းဖြစ်ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။
လက်ရှိ ချင်းမိုင်မြို့ပတ်ဝန်းကျင်တွင် အကြီးမားဆုံးသော တောင်တန်းနေလူမျိုးစု အဖြစ်ရပ်တည်လျှက်ရှိကာ အာခါကျေးရွှာများသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လျှက်ရှိသည်။ အာခါလူမျိုးများသည် မိမိတို့၏ ဘာသာစကားကိုပြောဆိုကြပြီး အာခါဘာသာစကားမှာ Tibeto-Burman အုပ်စုရှိ Loloish(တရုတ်ပြည်တွင် ယီ ဟုလည်းခေါ်ကြသည်) အမျိုးအစားတွင်ပါဝင်သည်။ အာခါဘာသာ စကားသည် Lisu ဘာသာစကားနှင့် ဆက်စပ်မှုရှိသောကြောင့် မင် မင်းဆက်(A.D 1644)က ယူနန်ပြည်အားမကျူးကျော်မီ Baoshan နှင့် Tengchong မြို့များနှင့် အပြိုင်တည်ရှိခဲ့သော Lolo မျိုးနွယ်စု ဖြစ်ခဲ့ဖူးကြောင်းခန့်မှန်းနိုင်ပါသည်။ မူလဒေသ ********* အာခါလူမျိုးများ၏ မူရင်းဒေသသည် တရုတ်ပြည်ဖြစ်ကြောင်း လေ့လာသူများက ဆိုကြသော်လည်း တိဘက်နယ်စပ်ဒေသမှာ မူရင်းဒေသ မဟုတ်ကြောင်းဆိုကြပြီး ယူနန်ပြည်၏ တောင်ဘက်နှင့် အရှေ့ဘက် တွင်လည်ကောင်း ယူနန်ပြည်၏ မြောက်ဘက်ကျကျတွင် လက်ရှိအချိန်ထိ နေထိုင်လက်ရှိသော အာခါလူမျိုးများကလည် ပြောဆိုကြသည်။ ကျိုင်းတုံရှမ်းစော်ဘွားများနှင့် ဆက်ဆံမှုရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ အာခါလူမျိုးများသည် မြန်မာနိုင်ငံအရှေ့ဘက်ဒေသသို့ ၁၈၆၀ ပတ်ဝန်းကျင်ကတည်းက နေထိုင်လျက်ရှိကြောင်းသိရသည်။ ရာစုနှစ်အပြောင်းတွင် မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့ကြသည်။ လူဦးရေပြန့်နှံ့နေထိုင်မှု နှင့် အကြောင်းအရာများ ************************************ အာခါလူမျိုးများသည် တရုတ်ပြည် အနောက်တောင်ဘက်၊ မြန်မာနိုင်ငံအရှေ့ဘက်၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဘက်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသရှိ တောင်ပေါ်ကျေးရွာများတွင် နေထိုင်ကြပြီး ၅ နိုင်ငံစလုံးတွင် လူမျိုးစုငယ်များအဖြစ်သာ ရပ်တည်လျှက်ရှိသည်။ လူဦးရေစုစုပေါင်းမှာ အကြမ်းဖျင်းအားဖြင့် ၄ သိန်းပတ်ဝန်းကျင်ခန့်တွင်ရှိသည်။ ထိုင်းနိုင်ငံအတွင်း ၁၉၃၀ပြည့်နှစ်မှတ်တမ်းများအရ စီးပွားရေးအခြေအနေ ဆိုးရွှားလာမှုကြောင့် တောင်ပေါ်တွင်နေထိုင်သောကျေးရွှာအရေအတွက် လျှော့ကျလာခဲ့သည်။ တရုတ်ပြည်တွင်မူ တရုတ်အစိုးရက အာခါလူမျိုးများသည် ဟာနီလူမျိုးစုကြီး၏ မျိုးနွယ်ခွဲတစ်ခုဖြစ်ကြောင်းသတ်မှတ်ထားသည်။ ဟာနီလူမျိုးများသည် တရုတ်ပြည်တွင် ဒေသခံမျိုးနွယ်စုဖြစ်ပြီး ထင်ရှားသော မျိုးနွယ်စုတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံတွင်မူ တောင်ပေါ်နေလူမျိုးစု ၆ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ထိုလူမျိုးစုများအားလုံးသည် တရုတ်ပြည်နှင့် တိဘက်ဒေသမှ ရာစုနှစ် အနည်းငယ်ခန့်တွင် ပြောင်းရွှ့လာခဲ့ကြခြင်းဖြစ်ကာ လက်ရှိတွင် ထိုင်း၊မြန်မာနှင့် လာအိုနိုင်ငံ ၃ နိုင်ငံ နယ်စပ် တောတောင်ထူထပ်သော တောင်တန်းများပေါ်တွင်နေထိုင်လျှက်ရှိသည်။ ထိုင်းနိုင်ငံရှိ အာခါလူမျိုးအနည်းငယ်သာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး အာခါလူမျိုးအများစုမှာ နိုင်ငံသားမဟုတ်သူများအဖြစ် သတ်မှတ်ခံထားရသည်။ အာခါရွှာအ၀င်တွင် တဖက်တစ်ချက်စီတွင် သစ်သားဖြင့် ထုထွင်းထားသောယောင်္ကျးရုပ်နှင့်မိန်းမရုပ်ဖြင့် အလှဆင်ထားသော သစ်သားဂိတ်ကို ဖြတ်ကျော်ရသည်။ ထိုဂိတ်ကို အာခါလူမျိုးများက spirit gate ဟုခေါ်ကြသည်။ ထိုဂိတ်သည် အမှတ်အသားတစ်ခုဖြစ်ပြီး ရွှာအတွင်းနှင့် အပြင်ကို ခွဲခြားထားကာ ရွှာတွင်းသည် လူနှင့် အိမ်မွေးတိရိစ္ဆာန်၏ ပိုင်နက်ဖြစ်ပြီး ရွှာအပြင်သည် ၀ိဥာည်နှင့် တောရိုင်းတိရိစ္ဆာန်များ၏ ပိုင်နက်အဖြစ် သတ်မှတ်ခွဲခြားထားခြင်းဖြစ်သည်။ ထိုဂိတ်သည် မကောင်းဆိုးရွား ၀ိဥာည်များ ရွှာတွင်းသို့ ၀င်ရောကမ်လာနိုင်စေရန် တာဆီးပေးပြီး ကံကောင်းခြင်းများ ယူဆောင်ပေးကြောင်း ယူဆကြသည်။ မကောင်းဆိုးရွှားများဝင်ရောက် ထိန်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်စေရန် အာခါလူမျိုးများ၏ အိမ်ခေါင်မိုးထိပ်တွင် ကျွဲချို သို့မဟုတ် ကျွဲချိုပုံစံသစ်သားများကို တပ်ဆင်ထားကြသည်။ နေထိုင်သော တဲများသည်လည်း လိင်အရ ကွဲပြားမှုရှိပြီး ယောင်္ကျားလေးနေသော တဲများကို အထူးဂရုစိုက်ရွေးချယ် ဆောက်လုပ်ကြပြီး ဧည့်ခန်းအဖြစ်လည်း အသုံးပြုကြသည်။ အာခါရွှာများတွင် တွေ့ ရလေ့ရှိသော အခြားအရေးကြီးသော အရာတစ်ခုမှာ မိုးလေ၀သကောင်းမွန်ပြီး စိုက်ပျိုးသော ကောက်ပဲသီးနှံများအောင်မြင်စေရန် ရည်ရွယ်ပြီး ပြုလုပ်သော ဒန်းစီးပွဲတော်ဖြစ်သည်။ ထိုဒန်းသည် အာခါရွှာများတွင် မရှိမဖြစ်ဖြစ်ကာ ဘိုးဘေးများအားကတော့ခြင်းဟူသော ပုံရိပ်ဖြစ်သည်။ ထိုဒန်းအား Dzoeuh Mah ဟုခေါ်သော သက်ကြီးရွယ်အိုများကတည်ဆောက်ကာ မြင့်မားပြီး လုံးပတ်အသင့်အတင့်ရှိသော သစ်ချောင်း ၄ချောင်းဖြင့် တည်ဆောက်ရလေသည်။

Ref; Wikipwdia

Credit to Akha's page Akha page link





No comments:

Post a Comment