Friday, May 27, 2016

ကောင်းသောနေ့လေးပါအမျိုးတို့ရေ
ဒီနေ့မြောက်ဒဂုံ "အိပ်မက်လှရထားလေးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ" (မိဘမဲ့)ကျောင်းက အာခါလူမျိုးအယောက် 80ကျော်တွေနဲ့တွေ့ဆုံပြီး
အာခါသီချင်းတွေတူတူဆို
Gameလေးတူတူတွေကစား
အုပ်စုလေးတွေခွဲပြီးသူတို့ရဲ့ခံစားချက်တွေဂရုတစိုက်နားထောင်ပြီး အားပေးစကားတွေပြောဖြစ်ခဲ့တယ်။ သူတို့ရဲ့အကြောင်းတွေကိုအသေးစိတ်ကြားသိရတဲ့အချိန်မှာအင်မတန်မှရင်ထဲကိုခံစားရပါတယ်။ကိုယ့်အာခါလူမျိုးတွေဟာအခြေအနေအမျိုးမျိုးကြောင့်ရန်ကုန်မြို့မိဘမဲ့ကလေးကျောင်းကို
ရောက်ရှိနေပေမယ့်အားငယ်မှုမဖြစ်အောင်ကျန်ာတို့ရန်ကုန်မှာရောက်နေတဲ့အာခါလူမျိုးတွေစုပြီး
မကြာခဏ အတတ်နိုင်ဆုံးသွားနိုင်အောင် ကြိုးစားမှာပါ။အဲ့ဒီအတွက်အားလုံးပါဝင်စေချင်ပါတယ်။ မထင်ထားပါဘူး ကိုယ့်အနီးအနားကရွာ တွေကိုသူတို့ ပြောလာတဲ့ ရွာတွေဟာ -


စွမ်ဆပ်ကုန်းရွာ
နာဆာရွာ
ဟိုကျင်းရွာ




















နောင်ကန်ရွာ
မယ်လိတ်ပါကော်ရွာ
မိုင်နာရွာ
ပါလျှံကချင်ရွာ စသည်တို့ကနေသူတို့ရောက်ရှိလာကြပါတယ်လို့သိရှိရပါတယ်။
ဒါကြောင့်သူတို့လေးတွေအထီးကျန်မှုမဖြစ်အောင်၊စိတ်ဓါတ်မြင့်တင်ပေးပြီး ဘဝကိုခိုင်ခိုင်မာမာရပ်တည်နိုင်အောင် ကျန်ာတို့မေတ္တာလေးနဲ့ အားလုံးတူတူဝိုင်းဝန်းဖေးမကြစို့နော်။
ဒီနေ့မြောက်ဒဂုံသွားဖို့အသွားအပြန်အဆင်ပြေအောင်တဖက်တလမ်းကနေကူညီပေးပြီးကိုယ်တိုင်ပါဝင်ပေးတဲ့ ကိုဇာဟားနာ ၊ ကိုအားစို့ နှင့်သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါ
ကြောင်း၊ နောင်လည်းအချိန်ရရင်ပါဝင်ပေးပါအုံး လို့တောင်းဆိုပါကြောင်း ၊ ကျန်တဲ့အဖွဲ့ဝင်များကို လည်းလှိုက်လှဲစွာဖိတ်ခေါ်ပါတယ်လို့.....

credit to- Ah Shaw's Facebook

No comments:

Post a Comment