Monday, May 30, 2016

About Akha peole from Wikipedia

 အာခါလူမျိုးများသည် တောင်တန်းနေတိုင်းရင်းသား လူမျိုးစုများဖြစ်ကြပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မြင့်မားသော တောင်တန်းများပေါ်တွင် ကျေးရွှာငယ်လေးများ တည်ဆောက်ကာ နေထိုင်ကြသည်။ ၁၉၀၀ပြည့်နှစ် အစောပိုင်းကာလများမှစတင်ပြီး မူရင်းဒေသဖြစ်သော တရုတ်နိုင်ငံမှ အရှေ့တောင်အာရှဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။ မြန်မာနိုင်ငံနှင့် လာအိုနိင်ငံတို့တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းသို့ လူပေါင်း ၈သောင်းခန့် အလုံးအရင်းဖြစ်ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။

Sunday, May 29, 2016

                                     အာခါရိုးရာ ဒါန်းစီးပွဲတော် 

အာခါ ဒန်းစီးပွဲတော် မှာ အာခါလူမျိုးများအတွက် ထင်ရှားသောပွဲတော် (သို့) အခမ်းအနား တစ်ခုဖြစ်ပါသည်။ ပွဲတော် ကျင်းပသော ရက်များမှာ တစ်ရွာနှင့် တစ်ရွာ မတူညီကြသော်လည်း ဆန်၊ စပါး နှင့် ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးသော ကာလ ကို မူတည်၍ သြဂုတ်လ နှင့် စက်တင်ဘာလ အတွင်းကျင်းပလေ့ ရှိကြသည်။
ပွဲတော်ရက် အတိအကျကို ရွာရှိ ဘာသာရေးအကြီးအကဲ( နတ်ဆရာ) က ဆုံးဖြတ်လေ့ရှိသော်လည်း သတ်မှတ်ထားသော ရက်တွင် ပွဲတော် ကျင်းပရန် အခကအ်ခဲ ရှိပါက အဆင်ပြေသော ရက်ကို ပြောင်းလဲ ကျင်းပလေ့ ရှိပါသည်။ အများအားဖြင့် အာခါရိုးရာဒန်းစီးပွဲ အခမ်းအနားကို ဘိုးဘွား၊ ဘီဘင် များ၏ ကူညီစောင်မမှု အတွက် ဘိုးဘေးများ၏ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ဘိုးဘွား၊ ဘီဘင် များအား အရိုအသေပေး၍ ကန်တော့ခြင်း အတွက်ပြုလုပ်လေ့ရှိသည်။ ပွဲတော်ရက်များအတွင်းတွင် ပျော်ပွဲ၊ရွှင်ပွဲများ၊ စားပွဲ၊သောက်ပွဲများ (စတုဒီသာ) ၊ သီဆို၊ကခုန်ခြင်းများ နှင့် ဘိုး၊ဘေးများအား သီးနှံများ ပေါများစေရန် နှင့် အန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းခြင်းများပြုလုပ်လေ့ရှိပါသည်။